လုပ်ငန်းအတွက် Digital Marketing ကို သေချာလုပ်မယ်ဆုံးဖြတ်ထားတဲ့သူတွေအတွက် ဘယ်လိုအကြံပေးချင်လဲ?

လုပ်ငန်းအတွက် Digital Marketing ကို သေချာလုပ်မယ်ဆုံးဖြတ်ထားတဲ့သူတွေအတွက် ဘယ်လိုအကြံပေးချင်လဲ?

လုပ်ငန်းအတွက် Digital Marketing ကို သေချာလုပ်မယ်ဆုံးဖြတ်ထားတဲ့သူတွေအတွက် ဘယ်လိုအကြံပေးချင်လဲ?

Jul 11 2023

အရင်ဆုံး Digital Marketing Plan ရေးဆွဲဖို့အတွက် Agency အပ်တာပဲဖြစ်ဖြစ်၊ ဝန်ထမ်းခန့်တာပဲဖြစ်ဖြစ်၊ Freelancer အပ်တာပဲဖြစ်ဖြစ် လုပ်ငန်းရဲ့ Marketing Communication Creative Brief ရှိဖို့လိုပါတယ်။ MarCom Brief မှာလည်း လုပ်ငန်းရဲ့ Unique Selling Point တွေ၊ Brand Positioning Statement တွေ၊ Visual Brand Guideline တွေ ပါဖို့လိုသလို ဒီ message ကို ဒီ Channel မှာ မပေးခင် လူတွေရဲ့ ကိုယ့် Brand ပေါ်အမြင်နဲ့ message တွေကို လူတွေဆီရောက်အောင် ပို့ပြီး လူတွေဘယ်လိုမြင်မလဲပါ တွေးထားဖို့လိုပါတယ်။ MarCom Creative Brief တစ်ခုပြင်ဆင်ထားခြင်းက ဘယ် Agency နဲ့ပဲ အလုပ်အပ်အပ် ရေရှည်မှာ ဒီ Brand အတွက် အကျိုးကျေးဇူးများစွာရှိတယ်။ အချုပ်ကတော့ Digital Marketing ဆိုတာက Right Time, Right Channel မှာ Right Message ပေးတာဖြစ်တယ်။ ဘယ်လို message မျိုးပေးမလဲဆိုတဲ့ Strategy ကစပြီး ဘယ်လို Channel မှာ ကိုယ့်ရဲ့ Customer တွေရှိမလဲဆိုတာထိ ပြင်ဆင်မှုတွေအများကြီးလုပ်ရတဲ့ Process တစ်ခုဖြစ်တယ်။ Next နဲ့ လက်တွဲမယ်ဆိုရင်တော့ MarCom Briefings ကစလို့ လုပ်ငန်းနဲ့အဆင်ပြေစေမယ့် Digital Marketing Channel အစုံမှာ Campaign တွေလုပ်ဆောင်ပြီး Reporting, Budgeting Allocation လုပ်တာအထိ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

Digital Marketing လုပ်တော့မယ်ဆိုရင် ဘယ်အပိုင်းကို အချိန်ပိုပေးသင့်လဲ?

Strategy, Planning, Researching အပိုင်းကို 100% အချိန်ပိုပေးသင့်ပါတယ်။ ဥပမာ – အလုပ်အပ်တဲ့သူက Media Buying Budget $1000 ပေးမယ်။ သူ့ရဲဲ့Website မှာ ဝယ်သူဘယ်လောက်ရချင်တယ်။ ဆိုတာမျိုးလာခဲ့လို့ရှိရင် ဟုတ်ပြီ ဒီ Result ရဖို့အတွက် ဘယ်လို Strategy နဲ့သွားကြမယ်ဆိုတာမျိုးကို ၁၀၀ ရာခိုင်နှုန်းအချိန်ပေးလုပ်ရပါတယ်။ သေချာ Plan ထွက်လာပြီဆိုတော့မှ ကျန်တဲ့ Content ရေးတာ Design ဆွဲတာတွေ ဆက်လုပ်ရပါမယ်။ Campaign Run ပြီဆိုရင်လည်း Quaterly ပြန်ဆန်းစစ်တာမျိုးတွေအတွက် ပြန်အချိန်ပေးရပါတယ်။ မှားလေ့ရှိတဲ့အမှားကတော့ Creative အပိုင်းမှာ အမြင်နဲ့ပဲ ဆုံးဖြတ်မိတာမျိုးရှိတတ်တယ်။ တကယ်က Brand Guideline သေချာရှိတယ်။ Creative ကလည်း Brand Guideline နဲ့ MarCom Brief ကို လိုက်နာတယ်ဆိုရင် အဲ့ဒီအတွက် အချိန်ကုန်မခံပဲ အရေးကြီးတဲ့ metric data တွေနဲ့ပဲ ဆုံးဖြတ်တာ အချိန်ကုန်သက်သာပါတယ်။ တကယ်အရေးကြီးတဲ့အပိုင်းတွေကိုလည်း ပိုအာရုံစိုက်နိုင်သွားပါတယ်။

Facebook Marketing ဝန်ဆောင်မှုအတွက် သီးသန့်ထုတ်ထားတဲ့ Package မျိုးရှိပါလား?

Package တွေတော့ ရှိပါတယ်။ ဒါပေမယ့် Package တွေအလိုက် Service အပ်လိုက်ခြင်းက အားနည်းချက်တွေရှိပါတယ်။ လုပ်ငန်းအမျိူးအစားအလိုက် လုပ်သင့်တဲ့ Post အရေအတွက်ကစပြီး ဘယ်လို Content Format မျိုးတွေနဲ့ ကြော်ငြာတွေဖန်တီးမယ်ဆိုတာအဆုံး ကွဲပြားခြားနားမှုတွေရှိပါတယ်။ Facebook Ads တစ်ခုက လုပ်ငန်းအတွက် ထိရောက်မှုရှိမရှိဆိုတာက Creativity, Ads Buying, Strategy & Planning တွေပေါ်မူတည်နေတယ်။ ဥပမာ – သုံးစွဲသူများများ သတိထားမိစေချင်တဲ့ စားသောက်ကုန်လုပ်ငန်းတစ်ခုနဲ့ မြို့နယ်တစ်ခုမှာ ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ရဲ့ လုပ်သင့်တဲ့ Facebook Marketing ပုံစံမျိုးက မတူပါဘူး။ ဒီတော့ Next မှာအလုပ်လာအပ်မယ်ဆိုရင် Package တွေရောင်းတယ်ဆိုတာထက် Client ရဲ့လုပ်ငန်း၊ သွားသင့်တဲ့ပုံစံကို အကြံပေးပြီး လုပ်ငန်းတစ်ခုချင်းစီအလိုက် Package ပြန်ထုတ်ပေးပါတယ်။

“Next Marketing Myanmar” မှာ အလုပ်အပ်မယ်ဆို ဘယ်လိုဆက်သွယ်ရမလဲ?

Page ရဲ့ Messenger ကနေ ဆက်သွယ်လို့ရသလို ဖုန်းနံပတ် – 09952518636 ကနေ ဆက်သွယ်လို့ရပါတယ်။ Next Marketing Myanmar ရဲ့ Website – https://www.nextmarketingmyanmar.com/ မှာ ရရှိနိုင်တဲ့ Service တွေအသေးစိတ် ကြည့်ရှုနိုင်သလို Case Study တွေကိုလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

We'd love to know how we could help.
Get in touch for a proposal or to arrange a meeting.
Keep In Touch With Us